Friday, September 14, 2007

What is Phaung Daw Oo ?

ဖောင်တော်ဦး ဆိုတာ ကျောင်းလေးတစ်ကျောင်းပါ။ အဲ့ဒီကျောင်းမှာ အများမျှော်လင့်နေကြဖူးတဲ့ အခမဲ့ ပညာရေး စနစ်ဆိုတာကို အကောင်အတည် ဖော်ထားတယ်။ မိဘမဲ့ကလေးတွေ ကို စောင့်ရှောက်တယ်။ အခမဲ့ ပညာရေး သင်ကြားပေးတယ်။ အခမဲ့ဆိုလို့ ဖြစ်သလိုဆောင်ရွက် နေကြတာမျိုးတော့ လုံးဝမဟုတ်ရပါဘူး။ မန္တလေးမြို့ နန်းရှေ့ အနီးတ၀ိုက်က ငွေကြေးမတတ်နိုင်ရှာတဲ့ ကျောင်းနေအရွယ် ကလေးငယ်တွေ၊ တိုင်းရင်းသား လူမျိုးစု ကလေးငယ်တွေကို အခမဲ့ သင်ကြားပေးနေပါတယ်။ ဆရာ/ဆရာမ အင်အားပေါင်း များစွာနဲ့ ကလေးတွေရဲ့ အနာဂါတ်ကို အကောင်းဆုံး အရောင်ခြယ်ပေး နေတဲ့နေရာလေးပါ။ ယခုအချိန်တွင် ကျောင်းသား/ ကျောင်းသူပေါင်း (၇၂၂၅)ဦးအား ဆရာ/ဆရာမ (၁၄၇)ဦးမှ ပညာသင်ကြားပေးနိုင်ပြီ ဖြစ်ပါသည်။ ဖောင်တောင်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လေးမှာ ယခုဆိုလျှင် တွဲဖက် အထက်တန်း ကျောင်း အဆင့်ပင် ရောက်ရှိနေပြီ ဖြစ်ပါသည်။

No comments: